Wb/my/Cookbook:သီးစုံကျောက်ကျော

< Wb‎ | my
Wb > my > Cookbook:သီးစုံကျောက်ကျော

ပါဝင်သောပစ္စည်းများ edit

  1. ကျောက်ကျောမှုန့် - ၁ ထုပ်
  2. အုန်းသီး - ၄ လုံး
  3. သကြား - ၆၀ ကျပ်သား
  4. ဆား - သင့်ရုံ
  5. စတော်ဘယ်ရီသီး၊ သီးမွှေးငှက်ပျောသီး၊ သင်္ဘောသီး၊ နာနတ်သီး၊ ရှောက်ချိုသီး - အနည်းငယ်စီ

ပြုလုပ်နည်းအဆင့်ဆင့် edit

  1. စတော်ဘယ်ရီသီး၊ နာနတ်သီး၊ ရှောက်ချိုသီး၊ သီးမွှေးငှက်ပျောသီး၊ သင်္ဘောသီး တို့ကို အနေတော်အရွယ် လှီးဖြတ်ထားပါ။
  2. အုန်းသီးကို ဦးရည်ယူ၍ ကျန်ရေ မတ်ခွက် ၁၄ ခွက်ကို ဆား၊ သကြား ထည့်ကျိုပါ။ ထို့နောက် အရည်စစ်၍ ကျောက်ကျောထည့်ကျိုပါ။
  3. ခဲသွားလျှင် အုန်းသီးဦးရည် တစ်ဝက် ထည့်ကျိုပြီး ဗန်းထဲ လောင်းထည့်ပါ။ အအေးခံထားပြီး နောက်တစ်ဝက်ထဲသို့ ကျန်ဦးရေတစ်ဝက် ထည့်ကျိုပြီးနောက် ဗန်းထဲ လောင်းထည့်ပါ။