Wb/my/Cookbook:ဝက်သားပုန်းရည်ကြီးချက်

< Wb‎ | my
Wb > my > Cookbook:ဝက်သားပုန်းရည်ကြီးချက်

ပါဝင်ပစ္စည်းများ edit

  1. ဝက်သား ၃ ထပ်သား - ၄၀၀ ဂရန် ( ၂၅ ကျပ်သား )
  2. ကြက်သွန်နီ - ၂ လုံး ( နုပ်နုပ်စဉ်းပါ )
  3. ကြက်သွန်ဖြူ - ၂ မြွှာ ( နုပ်နုပ်စဉ်းပါ )
  4. ချင်း - လက်ဖက်ရည်ဇွန်းတစ်ဝက် ( နုပ်နုပ်စဉ်းပါ )
  5. ငရုတ်သီးစိမ်း - ၂ တောင့် ( ထက်ခြမ်းခြမ်းထားပါ )
  6. ပဲငံပြာရည်( အနောက် ) - စားပွဲဇွန်း ၂ ဇွန်း
  7. ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  8. ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. သကြား - စားပွဲဇွန်း တစ်ဝက်
  10. ပုန်းရည်ကြီး - ၁ ထုပ်

ချက်ပြုတ်နည်း edit

  1. ဝက်သားကို ( ဆား၊ ကြက်သားမှုန့်၊ ပဲငံပြာရည်၊ သကြား ) တို့ဖြင့် သမအောင် ရောနယ်ပြီး ရေခဲသေတ္တာအောက်ထပ်တွင် ၂ နာရီခန့် နှပ်ထားပေးပါ။
  2. ပြီးမှ အိုးတစ်အိုးထဲတွင် ရေကို ဝက်သား ၃ထပ်သားမြှုပ်သည်အထိထည့်ပြီး မီးပြင်းပြင်းဖြင့် တည်ထားပေးပါ။ ဝက်သားနူးသည်အထိ ၃ ကြိမ်ခန့် ရေထပ်ထည့်ပြီး တည်ပေးပါ။
  3. ဝက်သား ၃ထပ်သားနူးအိလာပြီး ရေခန်းလာပြီဆိုလျှင် ဝက်သားကို အနေတော် အတုံးလေးများ တုံးပေးပါ။
  4. ထို့နောက် ဒယ်အိုးထဲ ဆီ( စားပွဲဇွန်း ၂ဇွန်း ) ထည့်ပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ငရုတ်သီးစိမ်း တို့ကို ဆီသတ်ပေးပါ။
  5. ပြီးနောက် ဝက်သားများ၊ ပုန်းရည်ကြီး၊ ရေ( ခွက်တစ်ဝက် ) တို့ကို ထည့်ပြီး သမအောင် ရောမွှေလိုက်ပါ။
  6. ပြီးမှ အရသာအတွက် ဆား( လက်ဖက်ရည်ဇွန်း တစ်ဝက် ) တို့ကို ထည့်ပြီး သမအောင် ရောမွှေလိုက်ပါ။
  7. ဆီပြန်လျှင် အပေါ်မှ ရှောက်ရွက်လေးအုပ်ပြီး အရသာရှိသော ဝက်သားပုန်းရည်ကြီးချက်ကို ထမင်းနဲ့ သုံးဆောင်နိုင်ပါပြီ။