ဝက်သားတုတ်ထိုးသည် ဝက်သားဖြင့် ပြုလုပ်သော အစားအစာတစ်ခုဖြစ်ပြီး လူကြိုက်များသော အစားအစာ တစ်မျိုးဖြစ်သည်။
ပါဝင်သောပစ္စည်းများ
edit- ဝက်နားရွက်၊ ဝက်လျှာ၊ အူပိတ်၊ ကျောက်ကပ်၊ နှလုံး၊ အသဲ၊ အသား၊ အခေါက် စသဖြင့် ကိုယ်စားချင်တာ အကုန်ထည့်ပါ။ ၁ကီလိုခွဲခန့် ယူပါ။
- ပြုတ်ထားသော ကြက်ဥ ၄လုံး
- ရှာလကာရည်၊ ဟင်းချက်ဝိုင်၊ ခရုဆီ၊ ပျားရည်၊ ငံပြာရည်အကြည်၊ ဆီ အားလုံး ထမင်းစားဇွန်း ၃ ဇွန်းစီ
- ကြက်သားမှုန့်၊ ပဲငံပြာရည်အနောက်၊ ဆား၊ သကြား၊ တရုတ်မဆလာတို့ကို ထမင်းစားဇွန်း ၁ ဇွန်းစီ
- နာနတ်ပွင့် ၃ ပွင့်၊ ငရုတ်သီးစိမ်းနဲ့ကြက်သွန်ဖြူ သင့်တော်သလောက်၊ ငရုတ်ဆီအကောင်းစား
ဝက်သားဒုတ်ထိုးချက်နည်း
edit- နားရွက်နှင့်လျှာကို ဓါးဖြင့်ခြစ်၍ ဆေးပါ။ ကလီစာအစုံနှင့် အသားကို ရေဖြင့်ဆေးပါ။ အူမကြီးနှင့် အူပိတ်ကို ရှာလကာရည်နဲ့ ရေအနည်းငယ်ထည့်ပြီး သေချာဆေးပါ။
- အူမကို ပြောင်းပြန်လှန်ပြီး ဆေးကာ အလပ်အလိပ်ဖြစ်အောင် တူချွန်ဖြင့် ထိုးထားပါ။
- အူချိုကိုလည်း ထိပ်နှစ်ဖက်ကို သွားကြားထိုးတံဖြင့် ထိုး၍ပိတ်ထားပါ။
- ဇလုံတစ်ခုထဲထည့်ပြီး ဆား၊ သကြား၊ ပျားရည်၊ ကြက်သားမှုန့်၊ ဟင်းချက်ဝိုင်၊ ရှာလကာရည်၊ ခရုဆီ၊ ပဲငံပြာရည်အကြည်နှင့်အနောက်၊ နတ်နတ်ပွင့်တို့ကိုထည့်ပြီး သမအောင်နယ်ပေးကာ ၁နာရီခန့် နှပ်ထားပါ။
- ချက်မည့်အိုးထဲ ဆီအရင်ထည့်တည်ပါ။ ဆီကျက်လျှင် ကလီစာများကို ထည့်ထားပါ။ ရေခန်းပြီး အဆီပြန်လာလျှင် ရေနွေးအနည်းငယ် ရေမြုပ်ရုံ ထည့်ပြီး အဖုံးအုပ်ထားပါ။ မီးအရှိန်မြင့်ထားပါ။
- ရေခမ်းလျှင် အကျက်မြန်သော အသဲ၊ နှလုံး၊ ကျောက်ကပ်၊ လျှာတို့ကို ပုဂံထဲ ဆယ်ထားပါ။ ပြုတ်ထားသောကြက်ဥများကို အခွံခွါပြီးထည့်ပါ။
- ကျန်နေသော အူ၊ နားရွက်၊ စသည်တို့ကို ထပ်ကျက်စေရန် ရေနွေး ထပ်ထည့်၍ မကျက်မချင်း မီးအရှိန်မြင့်၍ ထပ်တည်ပါ။
- ကျက်လာပြီး အဆီပြန်လာလျှင် ပုဂံထဲ ဖယ်ထားသော အသဲ၊ နှလုံးစသည်တို့ကို ရောထည့်ပြီး အားလုံးရောမွှေလိုက်ပါ။
အချဉ်ရည် ဆော့စ်ပြုလုပ်နည်း
editကြက်သွန်ဖြူ ၃မွှာ၊ ငရုတ်သီးစိမ်း ၃ထောင့်တို့ကို ရောထောင်းပြီး ပုဂံထဲထည့်၊ ငရုတ်ဆီလောင်းထည့်၊ ဆား၊ သကြား၊ ငံပြာရည်၊ ရှာလကာရည်၊ ထမင်းရည်တို့ကို သင့်တော်သလို ချိန်ထည့်ပါ။
အူများကို အကွင်းလိုက် ပါးပါးလှီးပြီး ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း၊ အချဉ်တို့ဖြင့် တွဲ၍ အရသာရှိရှိ သုံးဆောင်နိုင်ပါသည်။