Wb/my/Cookbook:ဘိန်းမုန့်

< Wb‎ | my
Wb > my > Cookbook:ဘိန်းမုန့်

ပါဝင်သောပစ္စည်းများ

edit
  1. ဆန် - ၂ ဘူး ( နို့ဆီဘူး )
  2. သကြား - ၁၅ ကျပ်သား
  3. စားဆော်ဒါ - တစ်မတ်သား
  4. အုန်းသီး - ၁ လုံး
  5. ဆီ၊ နှမ်း - အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

edit
  1. ဆန်ကို ရေစိမ်ပြီး မုန့်ရည်ပျစ်ပျစ်ရအောင် ကြိတ်ပါ။ မုန့်ရည်ကို တစ်ညသိပ်ထားရမည်။ ရလာသော မုန့်ရည် ပျစ်ပျစ်ထဲသို့ သကြားနှင့် စားဆော်ဒါ ထည့်၍ မွှေပါ။ အုန်းသီး ခြစ်ထားပါ။
  2. မုန့်လုပ်မည့်အိုးကို ဆီသုတ်ပြီး မီးဖိုပေါ်တင်ပါ။ အိုးပူလာလျှင် မုန့်ရည်ခပ်ထည့်ပြီး အပေါ်တွင် နှမ်းနှင့်အုန်းသီးခြစ်များ ဖြူးပေးရပါမည်။ အပေါ်တွင် နှမ်းနှင့် အုန်းသီးခြစ်များ ဖြူးပေးရပါမည်။ အဖုံးအပေါ်မှ မီးတင်ပါ။
  3. ၂ မိနစ်ခန့်ကြာလျှင် အပေါ်မီး မ,၍ မျက်နှာပြင်ကို ဆီအနည်းငယ် သုတ်ပြီး အထက်အောက် လှန်ပါ။ ၁ မိနစ်ခန့်ကြာ၍ နှစ်ဖက်စလုံး ကျက်ကာ အနံ့သင်းလာလျှင် ကော်ယူပါ။ ပြီးလျှင် သုံးဆောင်ရန် အဆင်သင့်ဖြစ်ပါပြီ။