Wb/my/Cookbook:ကောက်ညှင်းကျည်တောက်

< Wb‎ | my
Wb > my > Cookbook:ကောက်ညှင်းကျည်တောက်

ပါဝင်သောပစ္စည်းများ edit

  • ကောက်ညှင်းဆန် ၁ ပြည်
  • တင်းဝါး ၁ လုံး
  • ကောက်ရိုး အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့် edit

၁။ ကောက်ညှင်းဆန်ကို ရေစင်အောင်ဆေးပြီး တစ်ည ရေစိမ်ထား၍ ဆန်ဆေးပလုံးဖြင့် ရေစစ်ထားပါ။ ကောက်ညှင်းအဖြူ၊ ငချိတ် နှစ်မျိုး တစ်ပိုင်းစီထည့်၍လည်း ပြုလုပ်နိုင်ပါသည်။

၂။ တင်းဝါးကို တစ်ဖက်ပိတ်ဖြတ်ပြီး ရေစစ်ပြီးသည့် ကောက်ညှင်းဆန်များကို ထည့်၍ ရေအပြည့်ဖြည့်ပြီး ဖုတ်ရပါသည်။ မီးဖုတ်ရာတွင် မြေကြီးကို အရှည်လိုက်တူးပြီး ဝါးတန်းတစ်တန်းတွင် တစ်ဖက်တစ်ချက် ကောက်ညှင်းထည့်ထားသော ဝါးများကို ထောင်၍ ဖုတ်ရပါသည်။ မတူးစေရန် ဖုတ်နေစဉ်အတွင်း လှည့်၍ပေးရပါသည်။

၃။ ကျည်တောက်များ ကျက်လျှင် အပေါ်ယံရှိ အမြှေးများကိုဓားဖြင့် ပါးပါးလွှာပစ်ရပါမည်။ ပြီးလျှင် ထိပ်ဝကို ကောက်ရိုးဖြင့်လိပ်၍ ဆို့ထားရပါသည်။