ပါဠိဘာသာတွင် အက္ခရာ ၄၁ လုံးရှိသည်။ သရ ၈ လုံးနှင့် ဗျည်း ၃၃ လုံးတို့ဖြစ်သည်။
သရ ၈ လုံး
edit"အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ ဩ" တို့ဖြစ်သည်။
ဗျည်း ၃၃ လုံး
editက်၊ ခ်၊ ဂ်၊ ဃ်၊ င်၊ စ်၊ ဆ်၊ ဇ်၊ ဈ်၊ ဉ်၊ ဋ်၊ ဌ်၊ ဍ်၊ ဎ်၊ ဏ်၊ တ်၊ ထ်၊ ဒ်၊ ဓ်၊ န်၊ ပ်၊ ဖ်၊ ဗ်၊ ဘ်၊ မ်၊ ယ်၊ ရ်၊ လ်၊ ဝ်၊ သ်၊ ဟ်၊ ဠ်၊ အံ (နိဂ္ဂဟိတ်)။ တို့ဖြစ်သည်။
မှတ်ရန်မှာ အံ မှာ နောက်လိုက်ဗျည်း နိဂ္ဂဟိတ် (သေးသေးတင်) ဖြစ်သည်။ ထင်ရှားစေရန် အ-သရနဲ့ ယှဉ်တွဲပြထားခြင်းဖြစ်သည်။
သရများ
editသရများကို သရတို၊ သရရှည် ဟူ၍ နှစ်မျိုးခွဲခြားထားသည်။ "အ၊ ဣ၊ ဥ" တို့သည် သရတိုများဖြစ်ပြီး "အာ၊ ဤ၊ ဦ၊ ဧ၊ ဩ" တို့သည် သရရှည်များဖြစ်ကြသည်။
သရတို့၏ အသံဖြစ်ပေါ်ရာအရပ် (ဌာန်)
edit- အ၊ အာ တို့သည် လည်ချောင်းအရပ် (ကဏ္ဌဌာန်) ၌ ဖြစ်သောကြောင့် ကဏ္ဌဇ အက္ခရာများဟု ခေါ်သည်။
- ဣ၊ ဤ တို့သည် အာစောက်အရပ် (တာလုဌာန်) ၌ ဖြစ်သောကြောင့် တာလုဇ အက္ခရာများဟု ခေါ်သည်။ အာစောက်အရပ်ဆိုသည်မှာ အာခေါင်၏ အမြင့်ဆုံးအရပ်ဖြစ်သည်။
- ဥ၊ ဦ တို့သည် နှုတ်ခမ်းအရပ် (ဩဋ္ဌဌာန်) ၌ ဖြစ်သောကြောင့် ဩဋ္ဌဇ အက္ခရာများဖြစ်သည်။
- ဧ သည် လည်ချောင်းနှင့် အာစောက်အရပ် (ကဏ္ဌတာလုဌာန်) ၌ ဖြစ်သောကြောင့် ကဏ္ဌတာလုဇ အက္ခရာမည်သည်။
- ဩ သည် လည်ချောင်းနှင့် နှုတ်ခမ်းအရပ် (ကဏ္ဌဩဋ္ဌဌာန်) ၌ ဖြစ်သောကြောင့် ကဏ္ဌဩဋ္ဌဇ အက္ခရာဟုခေါ်သည်။
သရများပေါင်းစပ်ခြင်း
edit- ဌာန်တူသော သရနှစ်လုံး ပေါင်းစပ်သောအခါ အောက်ပါအတိုင်းပြောင်းလဲသည်
- အ+အ = အာ
- အ+အာ = အာ
- အာ+အ = အာ
- အာ+အာ = အာ
- ဣ+ဣ = ဤ
- ဣ+ဤ = ဤ
- ဤ+ဣ = ဤ
- ဤ+ဤ = ဤ
- ဥ+ဥ = ဦ
- ဥ+ဦ = ဦ
- ဦ+ဥ = ဦ
- ဦ+ဦ = ဦ
- ဌာန်မတူသော သရနှစ်လုံး ပေါင်းစပ်သောအခါ အောက်ပါတိုင်း ပြောင်းလဲသည်
- အ+ဣ = ဧ
- အ+ဤ = ဧ
- အာ+ဣ = ဧ
- အာ+ဤ = ဧ
- အ+ဥ = ဩ
- အ+ဦ = ဩ
- အာ+ဥ = ဩ
- အာ+ဦ = ဩ