Wb/my/ပါဠိသဒ္ဒါ

< Wb | my
Wb > my > ပါဠိသဒ္ဒါ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ပါဠိစာပေသည် ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော်မူခဲ့သော နိကာယ်ငါးရပ်၊ ပိဋကတ်သုံးပုံ ဟူသော ဗုဒ္ဓစာပေတစ်ခုလုံးကို မှတ်တမ်းတင်ထားသော စာပေဖြစ်သည်။ ပါဠိစာပေကို မှတ်တမ်းတင်ခဲ့သည့် ပါဠိဘာသာသည် ရှေးခေတ် အိန္ဒိယပြည်တွင် သက္ကတဘာသာစကားနှင့် အတူယှဉ်တွဲ၍ ပေါ်ထွန်းလာခဲ့သည်။ ကမ္ဘာ့ ဘာသာဗေဒပညာရှင်များက "ပါဠိ-သက္ကတဘာသာစကားတို့သည် အင်ဒို-ဥရောပ ဘာသာစကားအုပ်စုဝင် ဘာသာစကားများဖြစ်သည်။" ဟု ဆုံးဖြတ်ကြသည်။

တိဘက်-မြန်မာမျိုးရိုးတွင် ပါဝင်သည့် ဘာသာစကားတည်ထောက်ထားပုံတွင် ပါဠိ-သက္ကတဘာသာတို့နှင့် အလွန်ခြားနားပါသည်။ သို့ရာတွင် ရှေးမြန်မာတို့သည် နိုင်ငံကို စတင်တည်ဆောက်၍ မိမိတို့ဘာသာစကားကို ပြုစုပျိုးထောင်ခဲ့ရာတွင် ဝေါဟာရကြွယ်ဝမှုအတွက် ပါဠိ-သက္ကတစကားလုံး မြောက်မြားစွာကို တိုက်ရိုက်တဖုံ၊ ပြုပြင်၍တနည်း အမျိုးမျိုးယူငင်သုံးစွဲခဲ့ကြသည်။ ဤသို့ တစ်ခေတ်ပြီးတစ်ခေတ် နှစ်ပေါင်းများစွာ ပြုလုပ်လာကြရာ မြန်မာ့ဘာသာစကားသည်လည်း ဝေါဟာရ အသုံးအနှုန်း၊ အတွေးအခေါ်နယ်ပယ်တို့တွင် ပါဠိ-သက္ကတဘာသာတို့နှင့် များစွာပင် နီးစပ်လာခဲ့သည်။ တနည်းဆိုသော် မြန်မာဘာသာသည် ပါဠိ-သက္ကတဘာသာတို့၏ အကူအညီဖြင့် ဝေါဟာရကြွယ်ဝလာခဲ့ရာသည်၊ စာပေနယ် ကျယ်ပြန့်ကြီးထွားခဲ့ရသည်၊ အတွေးအခေါ် မြင့်မားလာခဲ့ရသည်ဟု ဆိုနိုင်ပေသည်။


အကိုးအကား

edit

အခြေပြု ပါဠိသဒ္ဒါ။ ဦးမြင့်ဆွေ (မဟာဝိဇ္ဇာ၊ လန်ဒန်)