Wp/rki/ယိုးဒယားဘွဲ့

< Wp‎ | rki
Wp > rki > ယိုးဒယားဘွဲ့

ကျေးဇူးတင် အမျက်မပြ ယိုးဒယားအဖွဲ့ edit

ယိုးဒယားပူရာ၊ တိုင်းကြီးအောက်ချာ၊ ဗြသာတီစံမြန်း၊ ရွှီနန်းထွက်ဝင်ခါ၊ ကျွန် မှာမှုတော်ထမ်း၊ သာသနာယေလေး၊ ရောင်ဝါ နီညိုထွန်း၊ တိုင်းပြည်လည်း အီးချမ်းစည်ပင်သာယာ၊ ပေါ့ဆစွာ၊ ပျော်ပျော်နီကြငြား စစ်မကြေညာ၊ ထိုခါလူမျိုးခြား၊ မတရားတိုက်ခိုက်လာ၊ မတ်ရှီဝန်း ကိုယ်ရံတပ်ငယ်များရေနှင့်၊ ဆီးတားခုခံကာ၊ တိုင်းပြည်တော် ရဲဘော်လူသားများကို ၊ လားလို့စုပို့ရာ၊ အားပျက်စရာ+စရာ၊ လားကွက်မသာ+မသာ၊ သည်တစ်ခါ၊ ကမ္ဘာမီး ထက်ပြင်း၊ သည်မောင်ရင်းတွင်း ပူလောင်ကာ၊ ဆွီမျိုးမပါ၊ ပြည်ရွာရပ်နှင့်ကင်း၊ မနီးသာရေလေ၊ ခွဲခွာလာရခြင်း၊ ဂနိုင်မြို့ခြီရင်း၊ ကပ်ချဉ်းမှီကာ၊ တောဝနာ၊ ဟေမာမြိုင်ခြံလမ်း၊ ညှိုးငယ်စွာယေလေ၊ မောင့်မှာပျော်လို့မှန်း၊ ရွှေဘုံရွှေနန်း၊ တမ်းတမြင်ယောင်၊ တောသာခေါင်၊ တောင်လေတိမ်လိုစူး၊ မျိုးအံ့မူး၊ တူးကဲသေလာပယိမ်းယိုင်ကာ၊ ဂန္ဓစုံ၊ ခြီလမ်း၊ တောင်မွန့်ကိုင်ဗျာလေ၊ ယိမ်းယိုင်ကျော်ဖြတ်သန်း၊ သားရောသမီးပါ၊ လှမ်းပါလို့၊ ပင်ပန်းကြီးစွာ၊ အိမ်သူကြင်ရာ၊ လှကလျာကိုလေ၊ စိတ်မှာကြံအထွေး၊ မျက်ရည်လည်းယိုမစဲ၊ ငိုမဲငေးမှိုင်၊ မကြံနိုင်ခွေယိုင်ကာနွမ်း၊ စားအစာကိုလေ၊ နောက်ပါလူရို့ထမ်း၊ ရခိုင်တောင်ရိုးတန်းကိုလ၊ ဖြတ်သန်းကာ၊ သက်ခန္ဓာ၊ ငါ့မှာကြွင်းလေပြီ၊ ကိုယ်ရံစုံနှင့်၊ ခိုလှုံဖို့ရီးကို၊ ဗျာမီးတောက်လောင်ပြီး၊ တွေးဆ-တွေးဆ၊ ကြံမိကြံမိ၊ ဆွဲရ-ဆွဲရပြန်ပြီ- ပြန်ပြီ၊ မသာမဤ ဗျာပီလီ၊ မရောက်ဖူးယေလေ၊ ကြောက်ဒူးလည်းတုန်လှပြီ။

ရက္ခပူရီ၊ တိုင်းမဌာနီ၊ ဓညဝတီ၊ သာကီပျော်စံမြန်း၊ ဝိမလခေါ်၊ ပညာကျော်၊ မှူးတော်သူ့ထံထမ်း၊ သူ၏ ဉာဏ်စွမ်း၊ အံ့မခန်းမို့ ၊ မြီစိုမှိုင်းမှောင်၊ ကောင်းအောင်သူ့ထံပါး၊ ငယ်ဆရာ၊ ပမာပုံသို့မခြား၊ စုံတရာမမှားစီရ၊ ကြိုး စားပြပြင်၊ သူချစ်ခင်၊ ဘုရင်ရှိတော်ပါး၊ ခေါ်ဆောင်ယူကာလားပါလို့၊ မင်းများစံပျော်၊ ရွှီးနန်းတော်၊ လွန်စွာရှုမဆုံး၊ နတ်မင်းအသွင်၊ ဘုရင်သာကီဘုန်း၊ နန်းလုံးအံ့မဆုံး၊ နန်းလုံးထိန်ပြောင်၊ စိမ်းမြရောင်၊ ဖက်ရောင်ပတ္တမြား၊ လင်း ပြောင်ထိန်ထိန်၊ ရွှေနန်းရွှီအိမ်၊ စည်းစိမ်ပျော်စံစား၊ ခြီတော်ဦးတိုက်ခစား၊ ကျွန့်ကိုမြင်ခါသနား၊ မေတ္တာတော်ထား၊ သားရင်းပမာ၊ နောက်ပြည်ရွာ၊ ကံသာမြို့ ငယ်ရပ်၊ စောင့်ရှောက်စေအပ်ခါမှ၊ ဖမြတ်ရာဇာ၊ မြတ်လှဆရာ၊ ဦးတင်ခါ၊ ကောင်းစွာမှုတော်ထမ်း၊ နောက်ပါကိုယ်ရံ၊ စိတ်သန်ခိုင်အားကျန်း၊ ကျွန့်မှာလေ၊ အီးချမ်းလွန်သာယာ၊ တိုင်း ကားပြည်ရွာ၊ ပြည်ရွာ၊ စားအစာစုံပြည့်ဖြိုး၊ ပရာဇာမှာလေ၊ သက်တော်ရာကျော်တိုး၊ ရွှေမိုးငိုမိုးရွာပါစီ၊ ကျေးဇူးရှင် သခင်နှစ်ပါးကို၊ အားထားခိုကာမှီ၊ အသက်ရှည်စီ-ရှည်စီ၊ ဘုန်းကြီးစီ’ကြီးစီ၊ အန္တရာယ်မျိုးကင်းစီ−ကင်းစီ၊ ဘီမျိုး ချင်းစီ၊ သျှင်းစီ၊ စောမှိုင်းမောင်အယင်ပျောက်လို့ ၊ နောက်မှ နတ်ရွာမှီတင်ပါလီ။

မြောက်ဦးထီးနန်းကို ချီးကျူးဆိုသော ယိုးဒယာဘွဲ့ edit

လေးရပ်ဝတီ၊ ရာဇဌာနီ၊ သာကီပျော်စံမြန်း၊ အံ့မခန်းနတ်နန်းဝေယျာ၊ ပုံပမာစုံစွာမှန်ထား၊ စိန်သားလည်းမြသား- ဂေါမုတ္တာ၊ ဥဿဘယာ၊ နီလာကြောင်မျက်ရွဲ၊ လှမျိုးစုံစုံ၊ နန်းဘုံလွန်ထူးကဲ၊ မြင်သူမြိုင်ငေး၊ အံ့ထဲနတ်တို့ကူညီဖန်၊ တက်ဖျားမိုးစွန်၊ ရောင်လျှံထိန်ထိနည်း၊ တိုင်းပြည်တော်ကြီး တိုးတက်စည်ပင်သော၊ လူများစွာ နတ်ရွာနတ်ဘုံအ လား၊ ပျော်ပါပလွှား၊ ဝတ်စားဆင်ယင်ခါ၊ မြို့ရောတောပါ၊ ဇာခါပျင်းဖို့လဲ၊ နတ်မဟူ-လူမက၊ နောက်စ ခလန်လန်၊ ဦးရိတ်ဆံ-ထုံးပြင်-ပျိုဖြူများ၊ ယောက်ျားလူပျိုသေ့၊ တောင်နှစ်ဆယ်၊ ခါးဝတ်ဝတ်ဆင်ထား၊ နှစ်ပါးလည်းမေပျို+ မောင်ပျို၊ လှကြပါယင့်၊ ရပ်ရွာထိုထို၊ နှစ်ပါးလည်း မေပျို မောင်ပျို ခေါ်ကြပါယင့်၊ ရပ်ရွာထိုထို၊ မိဖဖိုးအို၊ ထို ထိုကျောင်းကန် ဘုရားမှာ၊ တရားကျင့်လို့သာ၊ တိုင်းကားပြည်ရွာ၊ ပြည်ရွာမင်း၏ ဘုန်းတော်-ဘုန်းတော်၊ မိန်းမ ယောက်ျား တပျော်ပျော်၊ မကြားမမြင်ဘူးယောင်၊ မကြာမမြင်ဘူးယောင်၊ ထူးလည်းထူးရေ ထူးရေနိုင်ငံတော်..။

ကိုးကား edit

ရခိုင်စာဆိုတော်များ (ထွန်းရွှေခိုင်-မဟာဝိဇ္ဇာ)